general-gallery
Saturday, August 15, 2020
Friday, July 31, 2020
ပြင်ဦးလွင်က အိုအေစစ် (သို့) သဘာဝအလှတရားများနဲ့ ရေပျံတောင်
ပြင်ဦးလွင်လို့ အသံကြားလိုက်ရရင် နွေရာသီ ကျောင်းပိတ်ရက်မှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အားလပ်ရက်မှာပဲဖြစ်ဖြစ်၊ တောင်ပေါ်ရာသီဥတု၊ တောင်ပေါ်ပေါက်တဲ့ ပန်းတွေရဲ့ အလှအပတွေ
ခံစားရင်း အပန်းဖြေ အနားယူ လည်ပတ်ဖို့ကောင်းတဲ့ နေရာဒေသ လို့ လူအများစုက
သတ်မှတ်ထားကြပါတယ်။
အင်္ဂလိပ်ခေတ် လက်ထက်ကတည်းက ရာသီဥတုကို နှစ်ခြိုက်ခဲ့ကြ လို့ အင်္ဂလိပ်အရာရှိတွေ လာရောက် အပန်းဖြေ လေ့ရှိတဲ့မြို့ ဖြစ်ခဲ့တယ်။
ပြင်ဦးလွင်မှာ လည်ပတ် လေ့လာစရာတွေ အနေနဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ်၊
တိုင်းရင်းသားကျေးရွာ၊ ပွဲကောက်ရေတံခွန် (BE Fall)၊ ပိတ်ချင်းမြောင်ရေတံခွန်၊ သုံးထပ်
ရေတံခွန်၊ ရန်ကုန်ကျောင်းရေတံခွန်၊ ဘန့်ဗွေး ရေတံခွန်တွေ ရှိပေမဲ့ သဘာဝတရားရဲ့ အလှ
အပတွေကို သဘာဝအတိုင်း ခံစားနိုင်ဖို့ အလွန်ပင် နည်းပါးနေပါပြီ။
ဒါပေမဲ့ သဘာဝအလှအပ ခံစားချင်သူ၊ တောတောင်လမ်းခရီးကြမ်းသွား ၀ါသနာပါ သူတွေ၊
သဘာဝပတ်ဝန်းကျင်ကို စွန့်စား လေ့လာချင်သူတွေအတွက် ပြင်ဦးလွင်မှာ ရေတံခွန် ခုနစ်ဆင့်ရှိပြီး
သဘာဝအလှအပ တွေကို တဝကြီး ခံစားနိုင်မယ့် နေရာလေး တစ်ခု ကံကောင်းစွာ ရှိနေပြန်ပါတယ်။
အဲဒါကတော့ ပြင်ဦးလွင်မြို့ပေါ်ကနေ လမ်းခရီးကြမ်း ငါးမိုင်ကျော်ကျော်လောက်ကို ဆိုင်ကယ်၊
ဒါမှမဟုတ် ဘီးအမြင့်ကားနဲ့ မိနစ် ၃၀ ကျော်လောက် ခရီးဆက်ရတဲ့ ရေပျံတောင်ပဲ ဖြစ်ပါတယ်။
ရေပျံတောင်ကို ပြင်ဦးလွင် ကန်တော်ကြီး ပတ်လမ်း ညောင်နီရွာလမ်းကနေ သွားရမှာ ဖြစ်ပါတယ်။
ဆင်ခေါင်းလေးဆိုတဲ့ ကျေးရွာ လမ်းဆုံကနေတစ်ဆင့် လမ်းတစ်ဖက်တစ်ချက်မှာ ဟန်ပြထင်းရှူးတော
အပြိုင်းပြိုင်းရှိနေတဲ့ ခရီးကြမ်း ကျောက်ထုတ်လမ်းအတိုင်း သွားရပါတယ်။
ရွှေသင်းရွာ (ယခင်အခေါ် ဖာ့သင်ရွာ) ရှမ်းတိုင်းရင်းသားများနေထိုင်ရာ ကျေးရွာ၊ ပိန္နဲကုန်းတောင်ရွာနဲ့
ပိန္နဲကုန်းမြောက်ရွာကို ဖြတ်ရင်း အပင်ကြီး၊ ငယ်တွေကို ခုတ်လှဲမီးရှို့ ကာ တောရိုင်းမြေတွေကို
အကွက်ရိုက်လို့ ကတုံးဆံပင်ဖြူပေါက်သလို ဖြစ်နေတဲ့ တောင် ကတုံးနဲ့ ကျောက်တိုင်ဖြူဖြူတွေကို
ကျော်ဖြတ် ရပါတယ်။ ပြီးရင်တော့ ပေပေါင်း ၃,၈၀၀ ကျော် အမြင့်ရှိတဲ့ ရေပျံတောင်ရဲ့ တောင်ထိပ်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ တောင်ထိပ်ရောက်ရင်ပဲ
သဘာဝ စိမ့်စမ်းရေတွေ စီးဆင်းနေတဲ့ ရေသံလေးတွေ၊ တောင်တောင်သဘာဝ ကျေးငှက်
သံသာလေးတွေ၊ တောအုပ်စုစုလေးတွေက လာရောက် လေ့လာသူတွေကို ထပ်ဆင့်
ဆွဲဆောင်ဖိတ်ခေါ်လိုက်သလိုပါပဲ။ ကန်တော်ကြီး မြေအောက် စိမ့်ရေ၊ အင်းနက်ရွာရဲ့
စိမ့်စမ်းရေ နဲ့ ဆင်ခေါင်း လေးရွာရဲ့ ရေထွက်စိမ့်စမ်းတွေ ရေပျံတောင် ထိပ်မှာ ဆုံစည်းခြင်းက
အစပြုလို့ ရေတံခွန် ခုနစ်ဆင့် ဖြစ်ပေါ်လာတာပါ။
ရေပျံတောင်လို့ အမည်တွင်ရခြင်းကတော့
ကျောက်ဆောင် ကျောက်ကြားကနေ အဆင့် ဆင့် စီးဆင်းလာတဲ့ စိမ့်စမ်းရေတွေက မြင့်မားလွန်းတဲ့
တောင်ပေါ်ကနေ စီးလာတဲ့အတွက် ရေစက် ရေမွှားလေးတွေက လေမှာ ၀ဲပျံနေတာ ကြောင့်
ရေပျံတောင်လို့ အမည်တွင်ရတာလို့ တောင်အနီးနား ဒေသခံတွေက ပြောပါတယ်။
ရေပျံတောင်ထိပ်ကနေ အောက်ဆုံး ရေ တံခွန်ခုနစ်ဆင့်အထိ ဆင်းမယ်ဆိုရင် စိမ့်စမ်း ရေဖြတ်သန်းစီးဆင်းရာ တောလမ်းအတိုင်းသွားရမှာဖြစ်ပြီး ရေတံခွန် တစ်ခုချင်းစီမှာ
အနားမယူဘူးဆိုရင်တောင်မှ အချိန် တစ်နာရီကျော်အထိ ကြာမှာဖြစ်ပါတယ်။ ခရီးက အချိန်
တစ်နာရီကျော်တယ်ဆိုပေမဲ့ ရေတံခွန် တစ်ဆင့်ပြီးရင် နောက်ထပ် ရေတံခွန်တစ်ခု ရဲ့ ရေကျ
သံတွေနဲ့ သဘာဝအလှတရားတွေက ထပ်ကာထပ်ကာ သွားချင်အောင် ဖိတ်ခေါ်နေ ပါတယ်။
ရေပျံတောင်ကို လာရောက် လေ့လာချင် သူတွေဟာ တောစီးဖိနပ်ကောင်းကောင်း တစ်ရံ၊
ခေါင်းအဆောင်းနဲ့ လမ်းခရီး တစ် လျှောက်စားသောက်နိုင်ဖို့ သောက်ရေနဲ့ အစားအစာ
အနည်းငယ်ကို ကျောပိုးအိတ်နဲ့ ထည့်ခဲ့မယ်ဆိုရင်ဖြင့် လုံလောက်နေပါပြီ။
အေးအေးဆေးဆေး နားနားနေနေ နေချင်သူ တွေအနေနဲ့က ရွက်ဖျင်တဲတွေ၊ ချက်ပြုတ်
စားသောက်ဖွယ်ရာတွေလည်း ယူဆောင် သွားလို့ အဆင်ပြေပါတယ်။ သဘာဝ တော
တောင်တွေ၊ အလှအပတွေနဲ့ ရေတံခွန်တွေရဲ့ အလှအပတွေကို မှတ်တမ်းတင်ဖို့ ကင်မရာ
ကောင်းကောင်းတစ်လုံးလည်း လိုမယ်လို့ သတိပေးချင်ပါတယ်။ ရေပျံတောင်ထိပ်က
ပထမရေတံခွန်ကို သွားတဲ့ လမ်းတစ်လျှောက်မှာ တောထဲဝင် လိုက်ရင်ပဲ ရေသဖန်းပင်
အနိမ့်လေးတွေ စီစီရီရီ ပေါက်ရောက်နေတဲ့ တောအုပ်ငယ်လေးတစ်ခုကို ဖြတ်ရမှာဖြစ်ပါတယ်။
သိပ်မကြာလို့ မောပန်းမှုမဖြစ်ခင် ပထမအဆင့် ရေတံခွန်ကို မြင်တွေ့ ခံစားလိုက်ရရင်ပဲ
ပျော်ရွှင်ကြည်နူးမှု တွေနဲ့အတူ သင့်ဖုန်းကင်မရာကို ဖွင့်ပြီး ဆယ်လ်ဖီဆွဲလိုက်မိမှာ
အသေအချာပါပဲ။ ရေတံခွန် ပထမအဆင့်ကနေ တတိယ အဆင့်လောက်အထိ
လမ်းခရီးတစ်လျှောက် အပေါင်းအသင်းတွေနဲ့ စနောက်ရင်း သွားရတဲ့ ခရီးက
သိပ်ပင်ပင်ပန်းပန်းမရှိပါဘူး။ ရေတံခွန် အဆင့်တိုင်းမှာ ဘယ်တစ်ဖက် ညာတစ်ဖက်
အဆင့်ဆင့် ဖျာဆင်းနေတဲ့ ရေတံခွန်ရဲ့ ရေလုံး ကြီးတွေ စီးဆင်းမှုက ရင်သပ်ရှုမောဖွယ်ကောင်း တာကို မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။ ရေတံခွန် တတိယအဆင့်ကနေ စတုတ္ထအဆင့်ကို
သွားဖို့ကတော့ လမ်းခရီးရဲ့ မတ် စောက်မှုနဲ့ ခရီးအကွာအဝေး အနည်းငယ် ဝေးကွာမှုကြောင့်
မောဟိုက်တဲ့ဒဏ်ကို စတင် ခံစားရတော့မှာ ဖြစ်ပါတယ်။
ဘယ်လိုပဲ မောဟိုက်မောဟိုက် ရေတံခွန် စတုတ္ထအဆင့် ကို ရောက်သွားပြီဆိုတာနဲ့ မြင့်မားတဲ့
တောင် စောင်းကနေ ကျဆင်းလာတဲ့ ရေတံခွန်ရဲ့ ရေမှုန် ရေမွှားလေးတွေနဲ့ ထိတွေ့လိုက်တဲ့အချိန်မှာ တော့ မောပန်းမှုတွေ ပျောက်ဆုံးသွားခဲ့ရပါ တယ်။ စတုတ္ထအဆင့်
ရေတံခွန်အောက်မှာ သဘာဝကျောက်ပန်းဆွဲတွေနဲ့ လှိုဏ်ဂူကြီး တစ်ခုရှိပြီး ရှေးရှေးတုန်းက
လှိုဏ်ဂူထဲက မြေတွေကို တူးပြီး ယမ်းထုတ်လုပ်ခဲ့ကြတာလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ရေပျံတောင်မှာ တန်ဖိုးကြီးသစ်ပင်တွေ မရှိသလောက် ရှားနေပါပြီ။
ရေတံခွန် စတုတ္ထအဆင့်နဲ့ ပ ဉ္စမအဆင့်က နီးနီးကပ်ကပ် ရှိနေပြီး မြင့်မားမတ်စောက်တဲ့
တောင်စောင်းကနေ ရေတွေစီးဆင်းနေတာ ဟာ မြင်ရသူအဖို့ အတူတူမလိုက်ပါနိုင်ခဲ့တဲ့
မိတ်ဆွေသူငယ်ချင်း၊ ချစ်သူခင်သူတွေနဲ့ နောက်တစ်ခေါက် ထပ်လာမယ်လို့ စိတ်ကူးမိ
သွားမှာ အသေအချာပဲပေ့ါ။
ရေတံခွန်အဆင့်ဆင့်ကိုသွားတဲ့ လမ်း တိုင်းမှာ စမ်းချောင်းထဲက
ဖြတ်သန်းသွားလာ ရတာတွေ၊ ရေနက်ပိုင်းတွေမှာ သဘာဝသစ် ပင်တွေကို တံတားသဖွယ်
ပြုလုပ်သွားလာ ရတာတွေကလည်း စိတ်လှုပ်ရှား ပျော်ရွှင်စရာ ပါပဲ။
ရေပျံတောင်မှာ
အန္တရာယ်ဖြစ်စေနိုင်တဲ့ တောရိုင်းသတ္တဝါ မရှိပေမဲ့ အနီးနားက တောတောင်တွေမှာ တောကောင်တွေ ရှိနေသေးတဲ့အတွက် တောလိုက်မုဆိုးတွေတော့ ရှိနေပါသေးတယ်။
သတ္တမဆင့် ရေတံခွန်ရောက်ဖို့ မတ်စောက် တဲ့ လမ်းခရီးဖြစ်နေပေမဲ့ တဝုန်းဝုန်း စီးဆင်း နေတဲ့
ရေသံတွေနဲ့ ပေ ၂၀၀ ၀န်းကျင် အမြင့် ရှိတဲ့ ရေတံခွန်ကြီးရဲ့ အလှအပတွေကိုခံစား လေ့လာဖို့ မသွားမဖြစ်တဲ့ နောက်ဆုံးအဆင့်ရေတံခွန်ကြီးပါ။
ကန်တော်ကြီးနဲ့ ကျေးရွာစိမ့် စမ်းတွင်းတွေကနေ
အဖျားခံတဲ့ ရေပျံတောင် ရဲ့ ရေတွေက အရမ်းသာယာလှပနေတဲ့ ရေတံ ခွန်အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး
နောက်ဆုံး တော့ ဒုဋ္ဌဝတီမြစ်ထဲကို စီးဆင်းသွားပါတယ်။ ကျွန်တော်တို့သူငယ်ချင်းတစ်သိုက်ကတော့ စူးစမ်းလို
စိတ်နဲ့ ရေပျံတောင်ရဲ့ ရေတံခွန် သတ္တမအဆင့် ထိ ဆင်းခဲ့ကြပေမဲ့ ပထမရေတံခွန်ကို ပြန် တက်ဖို့
ကတော့ တော်တော်လေး အားယူခဲ့ရ ပါတယ်။
သမားရိုးကျ လည်ပတ်လေ့ရှိတဲ့ နေရာ ဒေသတွေထက် အရိုင်းဆန်ပြီး သဘာဝ အတိုင်း
လည်ပတ်လေ့လာရတာတွေကို စွန့်စွန့်စားစား လည်ပတ်လေ့လာသူတွေက ပိုပြီးတော့
စိတ်ဝင်တစား ရှိကြပါတယ်။ တောတောင် သဘာဝအလှအပတွေ၊ ရေတံခွန်အဆင့်ဆင့်
တိုင်းရဲ့ အလှအပနဲ့ ဆွဲဆောင်မှုတွေက အလွန်ပင်ရိုးစင်းလို့ သဘာဝအရိုင်းအတိုင်း ရှိနေသေးတဲ့
ရေပျံ တောင်ရဲ့ ရေတံခွန်ခုနစ်ဆင့်ကို မန္တလေးမြို့သူ မြို့သားတွေ မဆိုထားနဲ့ ပြင်ဦးလွင်မြို့ခံတွေ
တောင် အသိနည်း၊ အရောက်အပေါက်နည်းသေးတာကြောင့် စွန့်စားလေ့လာ လည်ပတ်
ချင်သူတွေအတွက် အထူးသင့်တော်တဲ့ နေရာလေးလို့ ဆိုချင်ပါတယ်။
သွားမယ်ဆိုရင် ပြင်ဦးလွင်မြို့ရှောင်လမ်းအတိုင်းမောင်းသွားပြီး ညောင်နီရွာလမ်းကနေ သွားရမှာ ဖြစ်ပါတယ်။
ဆင်ခေါင်းလေးဆိုတဲ့ ကျေးရွာ လမ်းဆုံကနေတစ်ဆင့် လမ်းတစ်ဖက်တစ်ချက်မှာ ဟန်ပြထင်းရှူးတော
အပြိုင်းပြိုင်းရှိနေတဲ့ ခရီးကြမ်း ကျောက်ထုတ်လမ်းအတိုင်း သွားရပါတယ်။
ထင်းရှူးတောတွေ စပျစ်ခြံတွေ လမ္မော်ခြံတွေနဲ့လှပတဲ့ရှု့ခင်းတွေကိုခံစားရင် ရေပျံတောင်ထပ်ကိုရောက်သွားပါလိမ့်မယ်
အဲဒီတောင်ထိပ်မှာလဲ လက်ဖက်သုပ် နဲ့ကော်ဖီတွေလဲရနိုင်ပြီးတခြားအစားအစာတွေလဲရနိုင်ပါတယ်။
အားလုံးပဲပိတ်ရက်မှာသွားရောက်လည်ပတ်ကြည့်ကြပါ။
#ရေပျံတောင်
#generalgallery
#mobilephoto
#mandalay #pyinoolwin
Wednesday, June 10, 2020
ဒိုင်ယာရီထဲက ဦးပိန်တံတား
ဒိုင်ယာရီထဲက ဦးပိန်တံတား (သို့) ဦးပိန်ဟုမည်သို့ဖြစ်ပေါ်လာသလဲ....
ကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက်တွင် ဦးပိန်တံတားကို တည်ဆောက်ခဲ့သည်။ ပုဂံမင်းမှာ ကြက်၊ငှက် အစရှိသည်သာမက အခြားသော တိရိစ္ဆာန်များကိုပါ ဖမ်းဆီး၍ တိုက်ပွဲကစားသည်ကို အထူးဝါသနာပါပြီး နေ့စဉ်နှင့်အမျှ ကစားပွဲကျင်းပလေ့ရှိသည်။
တိုင်းရေးပြည်ရာများကို ညီတော်နှစ်ပါးဖြစ်သည့် မင်းတုန်းနှင့် ကနောင်မင်းသားနှစ်ပါးဦးဆောင်သည့် လွှတ်တော်ကသာ ကိုင်တွယ်ဖြေရှင်းနေခဲ့ရသည်။ ပုဂံမင်း၏ တိရိစ္ဆာန်ရေးရာ ကျွမ်းကျင်သူမှာ ဘိုင်ဆပ်ဟုခေါ်သည့် ကုလား(မွတ်ဆလင်) တစ်ဦးဖြစ်သည်။
ထိုသူကို ပုဂံမင်းက ကြိုက်နှစ်သက်လှသဖြင့် အမရပူရတွင်မြို့၀န်အဖြစ်ပင် ချီးမြှောက်ခဲ့သည်။ ထိုဘိုင်ဆပ်နှင့် အတူချီးမြှောက်ခြင်းခံရသူမှာ ၄င်း၏တပည့် မြို့စာရေး မောင်ပိန်ဆိုသူဖြစ်သည်။ ထိုသူတို့နှစ်ဦး သောင်းကျန်းလှသဖြင့် အမရပူရတစ်မြို့လုံးသည် ခြောက်ခြားရသည်။ ထိုသူနှစ်ဦးစကားမှာ မင်းနားပေါက်သဖြင့် ကြောက်ကြရသည်။ လှန်ဝံ့သူမရှိခဲ့ပေ။ သို့သော် နောက်ဆုံးတွင် ၄င်းတို့၏ အပြစ်များကို ပုဂံမင်းသိသဖြင့် ဖမ်းဆီးကာ အပေါင်းအပါများနှင့် တကွကွပ်မျက်ခဲ့သည်။
မြို့စာရေး မောင်ပိန်သည် မွတ်ဆလင်ဘာသာ၀င် ဖြစ်သော်လည်း မြန်မာဘုန်းတော်ကြီးကျောင်း ထွက်ဖြစ်သည်။ ခရစ်နှစ် ၁၈၄၉-ခုနှစ်တွင် အမရပူရမြို့စာရေး မောင်ပိန်သည် အသက်ရှိစဉ်၊ အာဏာရှိစဉ်အတွင်းက အမရပူရမြို့တော်မှ တောင်တမန်အင်းကို ဖြတ်၍ အခြားဖက်ကမ်းသို့ သစ်သားတံတားကြီးတစ်ခုကို တည်ဆောက်လေသည်။ တံတားဆောက်လုပ်ရန် သစ်များကို ပုဂံမင်း၏ အမိန့်အရ အင်း၀ နှင့် စစ်ကိုင်းမြို့ဟောင်းများမှ ဘုန်းတော်ကြီးကျောင်းဟောင်းများ ဖျက်ခြင်းဖြင့် ရရှိသည် ဟုဆိုသည်။ တည်ဆောက်ရသည် အကြောင်းမှာလည်း အကောင်းမဟုတ်။ တစ်ဖက်ကမ်းရှိ မွတ်ဆလင်များ ကို ဘိုင်ဆပ်က အမရပူရသို့ အကြောင်းရှိလျှင် အမြန်ကူးနိုင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဆောက်သည်ဟု ဆိုပါသည်။ တည်ဆောက်သူ မောင်ပိန်ကို အစွဲပြုပြီး ဦးပိန်တံတား ဟုသာ အမည်တွင်သည်။ မည်သို့ဆိုစေကာမူ ဦးပိန်တံတားသည် ယနေ့အခါတွင် တောင်တံမန်အင်း၏ အထင်ကရ ပြယုဂ်အနေဖြင့် ထင်ရှားလျက်ရှိပေသည်။
သက်တမ်း ၁၅၀
ဦးပိန်တံတား သက်တမ်း နှစ်ပေါင်း ၁၅၀ ရှိပြီဖြစ်သည်။ အင်းဝနေပြည်တော်မှ ရွှေ့ပြောင်းမြို့တော် တည်ထောင်ခဲ့သော အမရပူရသည် ဘိုးတော်ဘုရားလက်ထက်က လူမှုရေး၊ စီးပွားရေး၊ မြို့ပြအိမ်ယာများနှင့် စည်းကားဖွံ့ဖြိုးခဲ့ပုံကို သမိုင်းမှတ်တမ်းများ၌ တွေ့ရှိရကြောင်း၊ မျက်မှောက်ခေတ် အမရပူရ မြို့ဟောင်းသည် စေတီပုထိုးသမိုင်း အဆောက်အဦအချို့က ရှေးခေတ်ကို တစေ့တစောင်း ပြသလျက်ရှိသော်လည်း မန္တလေးမြို့တော်နှင့် ဆက်စပ်လျက် ရှိနေသဖြင့် တိမ်မြုပ်လုမတတ်ရှိနေသည်။ ရက်ကန်းလုပ်ငန်းဖြင့် ထင်ရှားသော မြို့တစ်မြို့အဖြစ်သာ အသိအမှတ်ပြုကြရသည်။ သို့ရာတွင် သမိုင်းကို ဖော်ပြနေသော ရပ်ကွက်ကြီးများ၏ အမည်များနှင့် အနုပညာလုပ်ငန်း အတန်းအစု အကွက် အမည်များက ရှေးခေတ်အမရပူရ ကို ပြောပြနေဆဲရှိသည်။
ယခုအခါ အမရပူရမှာ လေ့လာစရာအဖြစ် ရှေးဦးစွာ ဦးတိုက်လေ့လာကြည့်ရှုကြသော နေရာကား တောင်သမန် ဦးပိန်တံတား ဖြစ်သည်။ သက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်းလက်ထက် အမရပူရမြို့၀န် ဘိုင်ဆပ်၏ မြို့စာရေး ဦးပိန်တည်ဆောက်ခဲ့သောကြောင့် ဦးပိန်တံတားဟု အမည်တွင်သည်။ ဦးပိန်သည် မိုးတွင်းကာလ တောင်သမန် ၁၂ ရပ်မှ လူအများ သွားလာလွယ်ကူရေးအတွက် စစ်ကိုင်း၊ အင်း၀နန်းတော်၊ အိမ်တော်များမှ သစ်သားဟောင်းများကို ဘုရင့်ထံ လျှောက်တင်ပြီး ရရှိသမျှနှင့် အခြေတည် ဆောက်လုပ်ခြင်းဖြစ်ရာ ယနေ့တိုင် တံတားအိုကြီး မြင်ကွင်းက မြန်မာမှုကို ဆွဲဆောင်ပြသနေဆဲရှိသည်။ ခေတ်အဆက်ဆက် လေမိုးဒဏ်ကြောင့် ပျက်စီးယိုယွင်းမှုများကို ပြုပြင်ခဲ့ရသည်။
တံတားကို ဆောက်လုပ်ရာ၌ နှစ်နှစ်မျှ ကြာခဲ့သည်။ မြန်မာအင်ဂျင်နီယာပညာရှင်တို့က စကေးမှန်ချိန်မပါဘဲ ခြေလှမ်းဖြင့် တိုင်းတာ၍ ဆောက်ခဲ့ရသော မြန်မာမှု တံတားကြီးဖြစ်သည်။ လှိုင်းဒဏ်၊ လေဒဏ် ခံနိုင်အောင် ဖြောင့်တန်းစွာ မဆောက်ဘဲ တောင်ဘက်သို့ ဦးမော့ ကွေ့ဝိုက်ကာ ကျင်တွယ်ပုံသဏ္ဍာန် ဆောက်လုပ်ထားသည်။
ဦးပိန်တံတားကြီး၏ တိုင်ပေါင်းမှာ ရှေးခေတ်မှတ်တမ်းအရ ၉၈၄တိုင် ရှိသည်ဟု ဆိုသည်။ ဆောင်ပုဒ်အရ “န၀အဋ္ဌဇယမောင်ပိန်” ဟူ၍ ဖြစ်သည်။ ခေတ်ကာလ ရွေ့လျားလာသဖြင့် တံတားကြီးကို အရှေ့ထိပ်၊ အနောက်ထိပ် ပြုပြင်တည်ဆောက်ခဲ့ရသလို ရေလယ်ဇရပ်များကိုလည်း ပြုပြင်တည်ဆောက်ခဲ့ရသည်။ ဇရပ် လေးဆောင်မှ တိုင်များပါ ပေါင်းလျှင် တိုင်ပေါင်း ၁၀၈၆တိုင် ရှိသည်။ အခန်းပေါင်း ၄၈၂ခန်း၊ တံတားအရှည် ၃၉၆၇ပေ၊ တစ်မိုင်၏ လေးပုံသုံးပုံ ရှည်လျားကြောင်း နောက်ဆုံးထုတ် မန္တလေးမြို့နေ သတင်းစာဆရာ နတ်မောက်ထွန်းရှိန် ရေးသားပြုစုသည့် “၀င်းတွေနှင့် တည်ခဲ့သည့် မင်းနေပြည်” စာအုပ်၌ ဖော်ပြထားသည်။
ဆိုခဲ့သည့်အတိုင်း မြန်မာဗိသုကာပညာရှင်များက မြန်မာ့ဆောက်လုပ်ရေးအတတ်ဖြင့် မြန်မာမှုစစ်စစ် တံတားကြီးအဖြစ် ဦးပိန်တံတားကြီးသည် အမရပူရ ရှေးဟောင်းမြို့တော်၏ အမှတ်သင်္ကေတအဖြစ် ရည်တည်လျက်ရှိသည်။ ထို့ကြောင့် ပြည်ထောင်စု တိုင်းရင်းသားများသာမက နိုင်ငံခြား ကမ္ဘာလှည့်ခရီးသည်များပါ နေ့စဉ်လာရောက်ကြည့်ရှု၍ စည်ကားလှသဖြင့် အမရပူရ တောင်သမန်အင်းစောင်း၌ သပ်ရပ်သော စားသောက်ဆိုင် စသော စျေးဆိုင်ခန်းတန်းများ အတည်တကျ တည်ဆောက်ကာ စီးပွားဖြစ်နေကြသည်ကို ယနေ့တိုင်မြင်တွေ့နိုင်ပါတယ်။
ပါးစပ်ရာဇဝင်တွေထဲမှာတော့
ဦးပိန်ကကျားကိုက်တယ်ဆိုတာတို့ ကျားရုပ်ပါရင်ဦးပိန်မသွားရဘူးဆိုတာတွေတော့ကြားဖူးတာတွေရှိတယ် သမိုင်းတွေထဲရေးထားတာတွေရှာမတွေ့သေးတော့ တွေ့လာတဲ့အခါကြရင်ထပ်ပြီး ရေးပေးသွားပါမယ်။
မန္တလေးကိုရောက်ခဲ့ကြရင် ဦးပိန်တံတားနဲ့ တောင်သမန်အင်းကို သွားရောက်လေ့လာကြည့်ဖို့ တိုက်တွန်းရင်း
ကျွန်တော်တို့ နောက်မှတွေ့ကြတာပေါ့။
#generalgallery
#mobilephoto
#mandalay
#ubein #bridge #travel #thaungthaman

Why is it called Mandalay
#Why_is_it_called_Mandalay?
-မန္တလေးအမည်သည် ရှမ်းအမည်ဖြစ်ကြောင်းသိရသည်။
-ရှမ်းတို့အရောက်များသောဒေသဖြစ်ခဲ့ကြောင်းလည်း ထင်ရှားသည်။
-မန္တလေးအမည်သည် ရှမ်းအမည်ဖြစ်ကြောင်းသိရသည်။
-ရှမ်းတို့အရောက်များသောဒေသဖြစ်ခဲ့ကြောင်းလည်း ထင်ရှားသည်။
-မြန်မာ့သမိုင်းတွင်ပုဂံပျက်ပြီးနောက် ရှမ်းတို့ကြီးစိုးနိုင်ခဲ့ဖူးပါသည်။
-ခေတ်အဆက်ဆက်တိုင်းတွင် ရှမ်းကုန်သည်တို့သည် မြန်မာနိုင်ငံအနှံအပြားသို့ ရောက်ခဲ့သော အထောက်အထားက ရှမ်းအမည် မြို့ရွာများ ပြန့်နှံ့နေခြင်းက သာဓကဖြစ်ပါသည်။
-အမရပူရခေတ်က နောက်ဆုံးမင်းဖြစ်သော ပုဂံမင်းသည် တောင်သမန်ကျောက်တော်ကြီးဘုရားထဲ နံရံပန်းချီများတွင် မန္တလေးတောင်ပုံပါရှိသည်ကိုတွေ့ရသည်။
-မြန်မာဘာသာအားဖြင့် တောင်ငယ်လေးဟု အဓိပ္ပါယ်ရသည်ဟု ဆိုသည်။
-ထိုတောင်အမည်က အင်းဝခေတ်ကတည်းက မြန်မာရာဇဝင်ကျမ်းများတွင် တွေ့နေရသော အမည်ဖြစ်ပါသည်
(လိုရင်းမရောက်တော့ဘူး😁😁)
-မင်းတုန်းမင်း ရွှေနန်းတည်တော်မူသောအခါ မန္တလေးတောင်၏ အနောက်တောင်ထောင့်မှ ကပ်လျက်တည်ခဲ့သည်။
-မြို့တော်၏အရှေ့မြောက်ဘက်တွင် မန္တလေးတောင်ရှိနေသည်။
-ထိုတောင်ကိုစွဲလျက် မြို့တော်ကိုလည်း တရားဝင်မြို့တော်အမည် ''#ရတနာပုံမ်_နေပြည်တော်'' ဟုမခေါ်ကြဘဲ ယနေ့တိုင်းပြည်သူတစ်ရပ်လုံးက မန္တလေးမြို့ဟူ၍သာ ခေါ်ဆိုကြသည်။
(ပံုတွေထပ်မိနေလို့ ကြည့်ရှုသူများ စိတ်မရှီပါနဲ့ ကိုဗစ်ကာလမို့လို့ အပြင်ထွက် ဆင်ခြေနေရလို့ပါ😅)
#Crd_ဒေါက်တာရီရီဝင်း ပါမောက္ခ(ဌာနမှူး)၊ သမိုင်းဌာန။
#Mandalay
#General_Gallery

Mandalay Society Video Content
မန္တလေး ကလည်ပတ်စရာနေရာတွေကို Video Contentတွေနဲ့ လှပအောင်တင်ပေးပါတော့မယ်...
Subscribe to:
Posts (Atom)
-
ပြင်ဦးလွင်လို့ အသံကြားလိုက်ရရင် နွေရာသီ ကျောင်းပိတ်ရက်မှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အားလပ်ရက်မှာပဲဖြစ်ဖြစ်၊ တောင်ပေါ်ရာသီဥတု၊ ...
-
ဒိုင်ယာရီထဲက ဦးပိန်တံတား (သို့) ဦးပိန်ဟုမည်သို့ဖြစ်ပေါ်လာသလဲ.... ကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက်တွင် ဦးပိန်တံတားကို တည်ဆောက်ခဲ့သည်။ ပ...
-
# Why_is_it_called_Mandalay ? -မန္တလေးအမည်သည် ရှမ်းအမည်ဖြစ်ကြောင်းသိရသည်။ -ရှမ်းတို့အရောက်များသောဒေသဖြစ်ခဲ့ကြောင်းလည်း ထင်ရှားသည်။ ...